သင်္ဃန်းကျွန်းမြို့နယ် ပန်းတန်းဈေးအတွင်း Mask Campaign ပြုလုပ်

သင်္ဃန်းကျွန်း ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ သင်္ဃန်းကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပန်းတန်းဈေး အတွင်း ယနေ့ နံနက် (၈:၃၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင် တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံး စေရေးရည်ရွယ်၍ Mask Campaign ပြုလုပ်ကြောင်း သိရသည်။  

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များပါသော ပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်အပေါ် လိုက်နာကြရန်၊ ဈေးရောင်းချသူများအနေဖြင့်  ပါးစပ်နှင့် နှာခေါင်းစည်း Mask စနစ်တကျဝတ်ဆင်၍ ဈေးရောင်းချရန်၊ ဈေးဝယ်သူများကလဲ Mask ဝတ်ဆင်ပြီးမှ ဝယ်ယူကြစေရေး၊ အသိပညာပေးပြောကြားလျက် Mask များ အခမဲ့ဖြန့်ဝေပေးကာ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)