ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်နေ ပြည်သူ(၅၀)ဦးအား ဆန်များထောက်ပံ့လှူဒါန်း

ရွှေသောင်ယံ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ရပ်ကွက်အတွင်းရှိ ပြည်သူ(၅၀)ဦးကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှ (၁)ဦးလျှင် ဆန်(၂)ပြည်နှုန်းစီထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့ဆန်များ ထောက်ပုံလှူဒါန်းရခြင်းမှာ မြို့အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်အတွင်း လှည့်လည်ကြည့်ရှုစဉ် အချို့အခြေခံလူတန်းစားများ၏ကျပ်တည်းမှု အခြေအနေများကို သိရှိရ၍ မြို့အုပ်ချုပ်ရေးမှူးမှ မိမိကိုယ်ပိုင်ငွေဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း ထို့ကြောင့်ရပ်ကွက်(၂) အတွင်းမှ ကျပ်တည်းသူပြည်သူ(၄၀)ဦး၊ ရပ်ကွက်(၁)အတွင်းမှ (၁၀)ဦးတို့အား စာရင်း ကောက်ယူ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ ဆန်များထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)