ကျောင်းကုန်း စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အမှတ် (၄) ရပ်ကွက်ရှိ "နွယ်သိင်္ဂီ" သီလရှင်စာသင်တိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ လှူဒါန်းခဲ့သည်။
ကျောင်းကုန်းမြို့နယ်အတွင်း ဝါတွင်းကာလ ဆွမ်းကွမ်းအဆင်ပြေစေရန် ဝါတွင်းသံဃဒါန အရုဏ်ဆွမ်းလောင်းလှူခြင်းများ မိမိတို့ ရပ်ကွက်/ကျေးရွာအလိုက် အလှူဒါန ပြုလုပ်လျက်ရှိပြီး၊ သီလရှင်စာသင်တိုက်လည်း ဆွမ်းအဆင်ပြေစေရန် ဆွမ်းဆန်တော်(၂)အိတ်၊ ဆီ(၂) ပိဿာခွဲ၊ ဆား(၂)ပိဿာနှင့် ကုလားပဲ(၂)ပိဿာ တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)