မှော်ဘီ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည့်စုံကျော်က အမှာစကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းစိုးက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်ခင်အေးဝင်းက ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းလင်းက မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြောခဲ့ကြပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးစည်သူဟိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)