နမ္မတူ စက်တင်ဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာန တို့ပူးပေါင်း၍ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူး ရောင်းဝယ်မှု အခြေအနေနှင့်အမျိုးအစားများ၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံရှိ လက်ရှိဥပဒေ၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနှင့် ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန် နည်းလမ်းများနှင့် လူကုန်ကူးမှုကို တာဆီးကာကွယ်ခြင်းဆိုင်ရာ ဆောင်ရွက်ရန်နည်းလမ်းများအား ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ ကလေးအလုပ်သမား ပပျေက်ရေးအသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)