မိုင်းယောင်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၏ ကြီးကြပ်မှုဖြင့် ဒုတိယ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်နှင့် တပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွန်ကြားချက်များကို လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြရန်၊ အပြင်ထွက်လျှင် နှားခေါင်းစည်း တပ်ဆင်သွားလာကြရန် ရပ်ကွက်၊ ကျေးရွာများ၌ အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေးနှိုးဆော်ပြီး လူအသွားအလာများ သည့် နမ့်မိန်တံတားလမ်းဆုံ၌ နှာခေါင်းစည်း အခုရေ ၇၀၀ ခန့် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း