သတင်းများ

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယနေ့နံနက်က သမဝါယမဦးစီးဌာနနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းများသို့ သုတရသ စာအုပ်စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁နာရီအချိန်က ပြုလုပ်ခဲ့သည်။
မြန်အောင်၌ အခြေခံစားသောက်ကုန်များ သက်သာသောစျေးနှုန်းဖြင့်​ ရောင်းချပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၅)ရပ်ကွက်နေ ပြည်သူများအား အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများကို ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းဖြင့် ယနေ့ နံနက်က တာဝတိံသာ(၂)လမ်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ က သွားရောက်ရောင်းချပေးခဲ့သည်။
ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အထက မင်းတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Sep 07,2022
ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို  ယမန်နေ့  နေ့လယ်က မြရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်တွင် မိုးနေကြာရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုအားပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ လှည်း‌မှောက်ကျေးရွာအုပ်စု၊ မဲဇလီကျင်း ကျေးရွာနှင့် လှည်း‌မှောက်‌ကျေးရွာတို့မှ မိုးနေကြာရိတ်သိမ်းမှုအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။
ကျောက်ကြီးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ကွင်းဆင်းစစ်ဆေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်စေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။