သတင်းများ

နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင်  ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ်(၅)ရပ်ကွက်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ
ပန်းတောင်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.က ထုံးဘိုကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
Sep 16,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၊ စုရပ်နေရာတွင် နံနက် (၉) နာရီမှ ညနေ(၄)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၇၄) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမဆောင်တွင် ယမန်နေ့ ညနေ (၃)နာရီအချိန်က စာရေးဆရာ အောင်နှင်းရေးသားသော စာသင်ခွင့်ရ တခဏနှင့် ပညာတော်သင်ကာလ အမှတ်တရများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးနေ့အထိမ်းအမှတ်”  ပြိုင်ပွဲများကျင်းပပြုလုပ်
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌   ယနေ့နံနက် ၁၁ နာရီအချိန်က ကျောင်းသား/ ကျောင်းသူများအား တီထွင့်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးနေ့” အထိမ်းအမှတ်အဖြစ်  ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်မြို့ ဧရာဝတီမြစ်အတွင်း သဘာဝရေသယံဇာတ၊ ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ရေး ငါးကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဒေသတွင်းသဘာဝရေသယံဇာတ၊ ငါးသယံဇာတဖွံ့ဖြိုးရေးအတွက် ပြည်မြို့ ဧရာဝတီမြစ်သဘာဝ‌ရေပြင်အတွင်း ငါးကောင်ရေ နှစ်သိန်းစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ကမ်းနားလမ်း ဆိပ်ခံဘောတံတား၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော ကျပ်(၈)ဘီလီယံကိစ္စနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 16,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သော ကျပ်(၈)ဘီလီယံကိစ္စနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ(၁၅)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။