သတင်းများ

မအူပင်ခရိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေး အသိပညာ‌ပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ (၁၁၃)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက်  လူမှုရေးပင်စင်အဖြစ် ထောက်ပံ့‌ငွေပေးအပ်ပွဲကို
ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ ရှင်းလင်းဆွေးနွေး
Sep 16,2022
ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green School) ပေါ်ထွန်းလာစေရေးနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award) ချီးမြှင့်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ပြည်နယ်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ ဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တန့်ယန်းမြို့၌ အသစ်တည်ထားကိုးကွယ် လျက်ရှိသော မြို့ကျက်သရေဆောင် အောင်တော်မူ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်ကြီးအား လွှဲပြောင်းပေးအပ်/ လက်ခံခြင်း အခမ်းအနားကျင်းပ
Sep 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်စေတီတော်မြတ်ကြီးပရဝုဏ်ရှိ ဆင်းရွှေလီ ဗိမ္ဗာန်တော်ကြီး၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က တန့်ယန်းမြို့အသစ်တည်ထားလျက်ရှိသော မြို့ဂုဏ်ကျက်သရေ ဆောင်အောင်တော်မူစေတီတော်ကြီး၌ တင်လှူပူဇော်မည့်
မူဆယ်နယ်စပ် နန်းတော်ဂိတ်တွင် နေရပ်ပြန်များ ပြန်လည်ဝင်ရောက်
Sep 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်တွင် ယနေ့နံနက် ၈နာရီခွဲအချိန်က နေရပ်ပြန်များ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဈေးအခြေပြု (Fixed Session)အဖြစ် ဈေးသွားဈေးလာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ပေး
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဈေးအခြေပြု(Fixed Session)အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဇီးကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Sep 16,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့်အောင်မြင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။