ပြည်မြို့ ဧရာဝတီမြစ်အတွင်း သဘာဝရေသယံဇာတ၊ ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ရေး ငါးကောင်ရေ နှစ်သိန်း ငါးမျိုးစိုက်ထည့်

ပြည် စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ဒေသတွင်းသဘာဝရေသယံဇာတ၊ ငါးသယံဇာတဖွံ့ဖြိုးရေးအတွက် ပြည်မြို့ ဧရာဝတီမြစ်သဘာဝ‌ရေပြင်အတွင်း ငါးကောင်ရေ နှစ်သိန်းစိုက်ထည့်ခြင်းကို ယနေ့နံနက်ပိုင်းက ကမ်းနားလမ်း ဆိပ်ခံဘောတံတား၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ငါးမျိုးစိုက်ထည့်ရာတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်ဇနီး၊ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ငါးဖမ်းမ စုစုပေါင်းငါးကောင်ရေ နှစ်သိန်းကို ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)