ကမမောင်း စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၊ စုရပ်နေရာတွင် နံနက် (၉) နာရီမှ ညနေ(၄)နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက် (၁၈) နှစ်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) တတိယအကြိမ် (၄၉) ဦး၊ ထပ်ဆောင်း (Booste Dose) စတုတ္ထအကြိမ် (၅၁) ဦး၊ Phase 15 FD (၂၈) ဦး၊ စုစုပေါင်း (၁၂၈) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် ခြင်းနှင့် ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများ စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)