ရှမ်းရွာသစ် စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်က နိုင်ငံတော် မှထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာများရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးရန်နှင့် လူမှုရေးပင်စင်ပေးအပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀) နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၉)အုပ်စုတို့မှ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွား (၇၄) ဦးအတွက် ငွေ(၂,၂၂၀,၀၀၀)ကျပ်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများတို့က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)