ရွှေသောင်ယံ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမဆောင်တွင် ယမန်နေ့ ညနေ (၃)နာရီအချိန်က စာရေးဆရာ အောင်နှင်းရေးသားသော စာသင်ခွင့်ရ တခဏနှင့် ပညာတော်သင်ကာလ အမှတ်တရများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် Book Club, Youth Club အဖွဲ့ဝင်များ တက်ရောက်ကြကာ စာအုပ်ပါ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများနှင့် စပ်လျင်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာဖတ်ဝိုင်းမှရရှိသော အကျိုးကျေးဇူးများ၊ စာအုပ်စာပေများမှရရှိသော အကျိုးကျေးဇူးများသည် တန်ဖိုးဖြတ်မရနိုင်သကဲ့သို့ ဘဝနေထိုင်စားသောက်ရေးများ၌ အရေးပါ အရာရောက်ကြောင်း Book Club, Youth Club အဖွဲ့ဝင်များအပြင် ရုံးသို့ မလားရောက်နိုင်သူများ၊ မျိုးဆက်သစ် လူငယ်များအား စာပေဗဟုသုတ နိုးကြားတက်ကြွစေရန် မည်သို့မည်ပုံ ကြိုးစားဆောင်ရွက်ရမည်တို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)