ပန်းတောင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.က ထုံးဘိုကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ အ.ထ.က ထုံးဘိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ငြိမ်းငြိမ်းက အလိမ္မာစာမှာရှိသည်နှင့်အညီ စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာများတိုးတတ်စေသည့်အပြင် စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးများမြင့်မားခြင်း၊ ဖြတ်ထိုးဉာဏ်များထက်မြက်စေခြင်းစသည့်အချက်များနှင့် စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်သို့သွားရောက်၍ စာပေများလေ့လာဖတ်ရှုစေရန်စသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက်မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာမောင်လှကျော်(ပန်းတောင်း)မှ "အရိုးပေါ်အရွက်မဖုံးစေရ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်မျိုး(ပန်းတောင်း)တို့မှ "လူငယ်နှင့်ရသစာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း သုတ/ ရသအကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။
သင်းသင်းအေး(ပြန်/ဆက်)