လိပ်သို စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျောင်းသား/ ကျောင်းသူများအား တီထွင့်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးနေ့” အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက်လေ့လာကြသည့် လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်မှ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လက်မှုပညာတိုးတက်စေပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုံပြောပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲနှင့် ဘောလုံးပစ် ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား လူငယ်များအား အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ခြင်း၊ အဟာရမုန့်များကျွေးမွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)