မိုင်းပန် စက်တင်ဘာ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၈ နာရီအချိန်က မိုင်းပန်မြို့အဝင် မဟာတေဇာဓိပတိစေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာန ဗိုလ်မှူးကြီးပြည့်စုံဝင်းနှင့် တပ်မတော်သားများ၊ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့စုပေါင်းကာ ဘုရားကြီးပတ်ဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သစ်ပင် သစ်ကိုင်းများခုတ်ထွင်ခြင်း၊ အမှိုက်သရိုက်များရှင်းလင်းဖယ်ရှားခြင်းနှင့် ဘုရားရင်ပြင်ပေါ်ရှိ ကြွေပြားများဆေးကြောခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မိုင်းပန်(ပြန်/ဆက်)