နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

နတ်မောက်    စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်မှုဖြင့် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။                

ရှေးဦးစွာ နတ်မောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူးကျော်ကျော်စိုးက မှုခင်းဆိုင်ရာအကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအကြောင်းအရာများ၊ လူကုန်ကူးခံရစေနိုင် သည့် အကြောင်းအရာများနှင့် လူကုန်ကူးမှုဖြစ်နိုင်တဲ့အမျိုးအစားများ၊ ပြစ်မှု၊ ပြစ်ဒဏ်များစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

လှဝင်း