မိုင်းယန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးအရာရှိနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေး၊ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး