သတင်းများ

ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Sep 18,2022
 ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း Sinopharm ပထမအကြိမ် ထိုးနှံသူ (၁၉)ဦး၊ အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း Sinopharm ပထမအကြိမ် ထိုးနှံသူ(၁၉)ဦး၊ တတိယအကြိမ် Sinopharm ထိုးနှံသူ(၂၀၅)​ဦး၊  (၆) လပြည့်ပြီး စတုတ္ထအကြိမ် Sinovoc ထိုးနှံသူ  (၄၄)ဦး တို့အား ယမန်နေ့ နံနက် ၉:၀၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌  မန္တ​လေး​ဆေးတက္ကသိူလ်မှ ​နောက်ဆုံးနှစ်အပိုင်း(က)(2/2022) ​ကျောင်းသား​၊ ကျောင်းသူများ လေ့လာရေးလာရောက်
Sep 18,2022
ရမည်းသင်းမြို့နယ်သို့ မန္တ​လေး​ဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ်အပိုင်း(က)(2/2022) ​ကျောင်းသား​၊ ကျောင်းသူများ(၁၆)ဦးသည် စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်ထိ ရမည်းသင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများသို့ လေ့လာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါပိုး ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask တပ်ဆင်ရေးနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Sep 18,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA-5 ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ဘူးသီးတောင်မြို့မှမောင်တောမြို့သို့ သွားရာ မြို့ဝင်/ထွက်ဂိတ်၌ လမ်းသွား/လမ်းလာသူများနှင့် စျေးရောင်း/စျေးဝယ်သူများအား Mask တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန် အသိပညာပေး ဟောပြောပေးခြင်းနှင့် MaskCampaig ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နောင်တရားမြို့လက်ဖက်အချိုခြောက်စက်ရုံနှင့် အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာ
Sep 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ တည်ဆောက်ထားသည့် လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံ စက်ရုံ၊ အာလူးအအေးခန်းစက်ရုံသို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ဆိုက်ခေါင်နှင့် ပင်လောင်းတို့မှ ကျောင်းသားကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ရပ်ကွက် ၊ကျေးရွာနှင့် စည်ပင်သာယာစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask Campign အသိပညာပေး ဆောင်ရွက်
Sep 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းနှင့်ပါးစပ်၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း အ​ခြေခံပညာမူလတန်းကျောင်းသူ၊ ကျောင်းသားများနှင့် စျေးများအတွင်း စျေးရောင်းစျေးဝယ်သူများ အသွားအလာပြည်သူများတို့ကို ယမန်နေ့နံနက် ၉ နာရီတွင် Mask Campaign များ ပြုလုပ်၍ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ကြည့်ရှုအားပေး
Sep 18,2022
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျောင်းသား/ ကျောင်းသူ များ၏ စွမ်းရည်မြှင့်ပြိုင်ပွဲကျင်းပ
Sep 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Commynity Centre)တွင် ကျောင်းသား/ကျောင်းသူများ၏ စွမ်းဆောင်ရည်မြှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။