မိုးလယ်နေကြာနှင့် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးများ ပြန်လည်စုဆောင်း
Sep 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးလျှက်ရှိရာ မိုးလယ်နေကြာနှင့် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိုးဦးနေကြာ စိုက်ခင်းများမှ ထွက်ရှိသော နေကြာမျိုးများ ပြန်လည်စုဆောင်းလျက်ရှိရာ ယမန်နေ့အထိ တောင်သူများထံတွင် (၆၅၈.၅)တင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စပ်မျိုးနေကြာ(၃၁၅)ကီလိုနှင့် ဆင်းရွှေကြာ(၂) တင်းပေါင်း(၁၂၀) စုဆောင်းထားရှိပြီး နေကြာမျိုးစုဆောင်းရန် ကျေးရွာအုပ်စု (၁၄)အုပ်စု ကျန်ရှိသေးကြောင်း သိရသည်။