အောင်လံ စက်တင်ဘာလ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ပြည်သူများ၏စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ယမန်နေ့ နံနက် ၇ နာရီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သရက်တပ်နယ်မှ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ဆန်(၁)ပြည် (၁၇၀၀)ကျပ်ဖြင့် (၂၀) အိတ်၊ ဆီ(၁)ပိဿာ (၅၆၀၀) ကျပ်ဖြင့် ဆီ(၂၂၀) ပိဿာ၊ ကြက်ဥ (၁၀)လုံး ( ၁၅၀၀ )ကျပ်ဖြင့် အလုံး(၅၀၀၀)၊ ဆား(၁၀)ပိဿာ၊ ငါးပိ(၂၅)ကျပ်သား (၅၀၀)ကျပ်ဖြင့် (၁၀)ပိဿာ၊ ကြက်သွန်နီ(၁)ပိဿာ (၃၆၀၀) ကျပ်၊ မျှစ်စတော်ပဲ (၁)ဘူး (၂၄၅၀)ကျပ်၊ ပဲထောပတ် (၁)ဗူး (၂၄၅၀)ကျပ်၊ ငါးပိကြော် (၁)ဗူး (၂၂၀၀)ကျပ်၊ ကြက်အာလူး (၁)ဗူး (၄၁၅၀)ကျပ်၊ ကြက်သား(၁)ပိဿာ (၇၀၀၀)ကျပ်၊ အာလူး(၁)ပိဿာ (၂၃၀၀)ကျပ် နှင့် ဟင်းသီးဟင်းရွက် များ ပါဝင်ပြီး သီတင်းတစ်ပတ်လျှင် နှစ်ကြိမ် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ရာ ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)