မိုးလယ်နေကြာနှင့် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာမျိုးများ ပြန်လည်စုဆောင်း

မင်းတုန်း စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးလျှက်ရှိရာ မိုးလယ်နေကြာနှင့် ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိုးဦးနေကြာ စိုက်ခင်းများမှ ထွက်ရှိသော နေကြာမျိုးများ ပြန်လည်စုဆောင်းလျက်ရှိရာ ယမန်နေ့အထိ တောင်သူများထံတွင် (၆၅၈.)တင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စပ်မျိုးနေကြာ(၃၁၅)ကီလိုနှင့် ဆင်းရွှေကြာ(၂) တင်းပေါင်း(၁၂၀) စုဆောင်းထားရှိပြီး နေကြာမျိုးစုဆောင်းရန် ကျေးရွာအုပ်စု (၁၄)အုပ်စု ကျန်ရှိသေးကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် မိုးဦးနေကြာ သီးသန့်နှင့်သီးညှပ်(၁၄၅)ဧက စိုက်ပျိုးနိုင်ခဲ့သည်။ မိုးလယ်နှင့် ဆောင်းတွင် နေကြာသီးသန်နှင့်သီးညှပ် (၇၀၅၃)ဧက စိုက်ပျိုးရန်လျာထားပြီး နေကြာမျိုးစေ့(၁၂၇၁.)တင်း လိုအပ်မည်ဖြစ်၍ လိုအပ်သော နေကြာမျိုးများကို မိုးဦးနေကြာ စိုက်ခင်းများမှ ထွက်ရှိသော တောင်သူများ ထံတွင် စုဆောင်းထားရှိသည့် နေကြာမျိုးများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် စုဆောင်းထားရှိသည့် နေကြာမျိုးများကို တောင်သူများအား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)