ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး မြို့မစျေးနှင့်မြောက်ပိုင်းစျေးရှေ့တို့တွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ

ဖျာပုံ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်း မရှိသူစျေးရောင်း၊ စျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ မြို့မစျေးနှင့် မြောက်ပိုင်းစျေး၊ လူစည်ကားရာနေရာများ၌ပြုလုပ်ဆောင်ရွက်ကြသည်။

အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးရာတွင် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးစိုးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနဒုတိယဦးစီးမှူးဦးအောင်မိုးဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန် နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းမရှိသူများအား Maskများ ဖြန့်ဝေပေးခြင်းကို ဖျာပုံမြို့ မြောက်ပိုင်းစျေး၊ မြို့မစျေးရှေ့တို့တွင် စျေးရောင်း၊ စျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများနှင့်လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း Mask များ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)