(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၇

၂၀၂၂ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက် မည့်(၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါသွေးလှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်မှ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရဲအရာရှိ/အရာခံ/အကြပ်/တပ်သား/ရဲမေ တပ်ဖွဲ့ဝင်စုစုပေါင်း (၅၀)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ သွေးလှူဒါန်းရသူ ရဲတပ်သားတစ်ဦးမှ “အခုလိုသူများအတွက် သွေးလှူဒါန်းခွင့်ရတာကိုပျော်ရွှင်နေပါတယ် နောက်ထပ် လှူဒါန်းခွင့်ရခဲ့ရင်လည်း လှူချင်ပါသေးတယ်”ဟုပြောကြားခဲ့သည်။

သွေးလှူဒါန်းပွဲကို မရမ်းကုန်းခရိုင်ရဲတပ်ဖွဲ့မှူးယာယီ ဒုတိယရဲမှူးကြီးခင်မောင်ကျော်၊ မြောက်ဥက္ကလာ ရဲတပ်ဖွဲ့မှူးယာယီရဲမှူး မြထွန်းကျော်၊မရမ်းကုန်း ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးမြင့်ဦးတို့မှ ကြည့်ရှု့အားပေးခဲ့ကြပြီး သွေးလှူဒါန်းခဲ့သောတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူတို့က ဖြည့်စွက်အာဟာရများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)