မုဒုံ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ တောင်သူများ စပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ၌ အောင်မြင်ဖြစ်ထွန်းစေရန် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာကို ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် သြဂုတ်လ ဒုတိယအပတ်မှစတင်ကာ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေအတွက် လိုအပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်မှသာ သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၇သောင်းကျော်ရှိရာ ယူရီယားဓာတ်မြေသြဇာ ၂၂၉၂အိတ်ကို ရရှိထားပြီး ယနေ့နံနက်ပိုင်းတွင် စိုက်ဘဏ်ချေးငွေ အစောဆုံးပေးချေသည့် မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှ တောင်သူများအား ယူရီးယားဓာတ်မြေသြဇာ ၁၂၂၁အိတ်ကို တစ်အိတ်လျှင် ၃၂၁၀၀ ကျပ် ဖြင့် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။
မုဒုံသူ