ဖလမ်း စက်တင်ဘာလ ၁၇
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဇော်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမိုးနိုင်၊ အဖွဲ့ဝင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုရာရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးအောင်မျိုးထွဋ်တို့တက်ရောက် အားပေးခဲ့ကြသည်။
ပိတ်ပွဲအခမ်းအနားမစတင်မီ ဧည့်သည်တော်အသင်းဖြစ်သည့် ဆူရ်ဘုန်အသင်းနှင့်ဇိန်မှုအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲပြိုင်ပွဲကို ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ပညာရေးဌာန အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းက အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဧည့်သည်တော်ဘော်လီဘောအသင်း နှစ်သင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ငွေသားဆုများ ချီးမြှင်ပေးခဲ့သည်။ ထို့နောက် ပထမဆုရရှိ သည့် ခရိုင်ထွေ/အုပ်ဦးစီးဌာနအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ငွေသားဆု၊ လည်ဆွဲပြားနှင့် ပထမဆုဖလားတို့ကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် ပညာရေးဌာနအသင်းအား အဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်က ငွေသားဆုနှင့် လည်ဆွဲပြားတို့ကိုလည်းကောင်း၊ တတိယဆုရရှိသည့် ခရိုင်မီးသတ်အသင်းအား အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမိုးနိုင်က ငွေသားဆုနှင့် လည်ဆွဲပြားတို့ကို လည်းကောင်း၊ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးကစားသမားဆုကို အဖွဲ့ဝင်လက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်းကလည်း ကောင်းပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံးစပေးသမားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်ကလည်းကောင်း အကောင်းဆုံးပင့်ထောက်ကစားသမားဆုကို အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးထွဋ်ကလည်းကောင်း၊ အကောင်းဆုံးဆယ်မကစားသမားဆုကို မြို့မိ မြို့ဖ ဥက္ကဋ္ဌ ဦးရူလ်ဇမ်းကလည်းကောင်း၊ ပြိုင်ပွဲတစ်လျောက်အကောင်းဆုံးရိုက်ခုတ်ကစားသမားဆုကို ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာရုံမန်းကလည်းကောင်း၊ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းကြောင်း သိရသည်။
ကိုရှိန်း