စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ (Mask Campaign) ပြုလုပ်

စလင်း စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင် ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၈ နာရီအချိန်က လူစည်ကားရာ‌ ဆင်ဖြူကျွန်းမြို့မစျေးနှင့် နွယ်တမယ်တံတားထိပ် ယာဥ်အသွားအလာ စည်ကားရာနေရာ၌ (Mask Campaign)ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ (Mask Campaign) ပြုလုပ်ရာတွင် စျေးရောင်းစျေးဝယ်သူများနှင့် ဒေသခံခရီးသွားများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တို့ကို စနစ်တကျ တပ်ဆင်သွားလာကြရန် ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် ဓလေ့၊ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန် အသိပညာပေး ပြောကြားခြင်းများ ပြုလုပ်စေခဲ့ပြီး နှာခေါင်းစည်း (Mask)အခုရေ ၁၀၀၀ ကို အခမဲ့ ဖြန့်ဝေပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပြီး စလင်းဆင်ဖြူကျွန်းမြို့နယ်များအတွင်း အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် (Mask Campaign) ပြုလုပ်ခြင်းကို ၁၃-၉-၂၀၂၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး လူစည်ကားရာ နေရာများဖြစ်သည့် မီးပွိုင့်လမ်းဆုံ၊ စျေးများနှင်အခြေခံ ပညာအထက်တန်းကျောင်းများတွင် ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မောင်လွင်(စလင်း)