ပုသိမ် စတင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၅ နယ်မြေရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ အသက် ၅ နှစ်မှ အသက် ၉နှစ်ရှိ ကျောင်းသားကျောင်းသူများအား ဦးနှောက် အမှေးရောင်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကာကွယ်ဆေးထိုနှံရာသို့ ပုသိမ်မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်တာဝန်ခံ ကျန်းမာရေးဆရာမ ဒေါ်သပြေညိုနှင့် ကျန်းမာရေး ဝန်ထမ်းများ ကျောင်းအုပ်ဆရာမကြီးနှင့် ရာအိမ်မှူးများက ကူညီဆောင်ရွက်ပေးကြသည်။ ကျန်းမာရေးဌာနမှ လမ်းညွန်ချက်အတိုင်း ကျန်းမာရေးမကောင်းခြင်း၊ အောက်စီဂျင်ကျခြင်းစသည့် ကလေးငယ်အချို့ကို ချန်လှပ်၍ ကျန်ရှိသည့် ကျောင်းသား/သူ(၁၀၈)ဦးအား ကာကွယ်ဆေး ထိုးနှံပေခဲ့ကြောင်း ဆရာမဒေါ်သပြေညိုထံမှ သိရသည်။
မြင့်ဟန်