ပင်းတယ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများနှင့် ရောဂါကူး စက်မှုမရှိစေရန်၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်အတွက် နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်၈ နာရီက ပင်းတယမြို့နယ် စည်ပင်သာယာ ရေးဌာန မြို့မစျေးတောင်ဘက် ကားလမ်းမပေါ်နှင့်စျေးအတွင်းတို့တွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ လမ်းသွားလမ်းလာ ပြည်သူများ၊ ကျောင်းသား/သူများ၊ စျေးသို့လာရောက်သော စျေးရောင်း၊ စျေးဝယ် ပြည်သူ များအား နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)