လဲချားတွင် စာပေဝါသနာရှင်လူငယ်များဖြင့် စာဖတ်ဝိုင်းကျင်းပ

လဲချား စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် စာပေဝါသနာရှင်များ၏ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ စာဖတ်ဝိုင်းများ ပုံမှန်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်လူငယ်များက စာရေးဆရာ ချစ်စံဝင်း၏ ရည်မှန်းရမည့်ပန်းတိုင် စာအုပ်မှ (၁)ကြိုးပမ်းမှုနှင့်ပန်းတိုင်၊ (၂)အချိန်နှင့်ပန်းတိုင်၊ (၃)အလုပ်နှင့်ပန်းတိုင်၊ (၄)ဝီရိယနှင့်ပန်းတိုင်း စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များက ဖတ်ကြားခဲ့ပြီး စာဖတ်သူအချင်းချင်း ဗဟုသုတအမြင်များကို ဖလှယ်၍  အပြန်အလှန်ဆွေးနွေးကာ စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချား( မြို့နယ်ပြန်/ဆက်)