နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်း အသိပညာပေး ဗီနိုင်းများချိတ်ဆွဲ

နတ်မောက်  စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းသို့ စျေးရောင်းစျေးဝယ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရေး အသိပညာပေး ဗီနိုင်းများချိတ်ဆွဲဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းသို့ လာရောက်သည့် စျေးရောင်း စျေးဝယ်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေရေး၊ မိမိကစ၍ကာကွယ်ပါ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများစသည့် အသိပညာပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ မြို့မစျေးတာဝန်ခံမှ နေ့စဉ်အသံချဲ့စက်ဖြင့် စျေးရောင်းစျေးဝယ်များ နှာခေါင်းစည်း (Mask) တပ်ဆင်စေရေးနှင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သွားလာကြပါရန် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

လှဝင်း (ပြန်/ ဆက်)