ငါန်းဇွန် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နှင့် အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ယနေ့နံနက် ၈ နာရီအချိန်က အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း Mask စနစ်တကျ တပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှေ့နှင့် အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဒေသခံ ပြည်သူများအား Mask တပ်ဆင်ရန်လှုံ့ဆော်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့်အညီ ပြည်သူများတိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးခြင်း၊ Mask အခုရေ (၁၀၀၀၀) ခုအား ဝေငှခြင်း၊ Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)