စမ်းချောင်းမြို့နယ်၌ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်း ဆောင်ရွက်

စမ်းချောင်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်း လူစည်ကားရာ စားသောက်ဆိုင်များ/ လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးစစ်ကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉  ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် လူမြင်သာသောနေရာများတွင် (လက်ဆေးပါ၊ mask တပ်ပါ) ပိုစတာများ ချိတ်ဆွဲထားရှိရန် ဆိုင်အတွင်း ဝင်ရောက်ပါက mask တပ်ဆင်ရန်၊ ဆိုင်ထိုင်စားသောက်ပါက သတ်မှတ်အကွာအဝေးများအတိုင်း ထားရှိပြင်ဆင် စားသောက်ရန်၊ ဆိုင်အဝင်အဝများတွင် လက်ဆေးကန်များထားရှိ အသုံးပြုစေရန်၊ ရေမလို လက်သန့်ဆေးများ အလုံအလောက် ချထားသုံးစွဲစေရန် စသည့်အချက်များ လိုက်နာဆောင်ရွက်ထားရှိစေရေးအတွက် ကိုယ်ပိုင်စျေး (၄)စျေး၊ စားသောက်ဆိုင် (၁၆) နှင့် လုပ်ငန်းဆိုင် (၇)၊ စုစုပေါင်းဆိုင် (၂၇)အား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ငြိမ်းချမ်းဝင်း