ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုများ ထပ်မံဖြစ်ပွားမှုများ မရှိစေရေးအတွက် စျေးနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

လှိုင် စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာသဖြင့် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုများ ထပ်မံဖြစ်ပွားမှုများ မရှိစေရေးအတွက် လှိုင်မြို့နယ်အတွင်းရှိ စျေးနှင့် စားသောက်ဆိုင်များအား ယနေ့နံနက် ၉:၀၀ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် လှိုင်မြို့နယ်၊ Orange ကိုယ်ပိုင်ဈေး၊ Market place နှင့် ကန်လမ်းဓနုဖြူ ဒေါ်စောရီထမင်းဆိုင်တို့အား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဆိုင်လာရောက်စားသောက်သူများအား Mask တပ်ဆင်လာစေရေး၊ ဆိုင်သို့မဝင်မီ လက်ဆေးစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန Covid စည်းကမ်းချက်နှင့်အညီ ရောင်းချရေးအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ လှည့်လည်စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)