သတင်းများ

ကျောက်တန်းမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၈နာရီတွင် စံချိန်မီရပ်ကွက် အမှတ်(၁၀) အ.မ.ကကျောင်းတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ Mask Campaign ပြုလုပ်ပြီး ရောင်းချခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ
Sep 19,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိခြင်းဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန် အတွက် အသား၊ ငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို စက်တင်ဘာ(၁၉)ရက် နံနက်(၈)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ရောင်းချ ပေးသည်။
သုံးခွမြို့နယ်၌  ငါးသားပေါက်အကောင်ရေ (၇၅၀,၀၀၀)ငါးမျိုးစိုက်ထည့်ပွဲကျင်းပ 
Sep 19,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှအမှတ်(၁၁)ရပ်ကွက် ဆိပ်ကမ်းသာလမ်း(မှော်ဝန်းချောင်း)အတွင်း ယနေ့နံနက် ၉ နာရီအချိန်က ငါးသားပေါက်အကောင်ရေ(၇၅၀,၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ 
မောက်မယ်မြို့နယ်၌ မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရပ်ကွက် အတွင်းရှိဒေသခံပြည်သူများအား ပေါက်ကွဲစေနိုင်သည့် စစ်အကြွင်းအကျန်များဖြစ်သည့် မိုင်းအန္တရာယ်များကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၈/၂၀၂၂) ကျောင်းသား/ကျောင်းသူ ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Sep 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၈/၂၀၂၂) ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Sep 19,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း Mask ဖြန့်ဝေခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများအဖွဲ့မှ ယနေ့နံနက် ၇ နာရီက မင်းလှမြို့အဝင်တြိဂံလမ်းဆုံတွင် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့သည်။
ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများအား ဈေးနှုန်းချိုသာစွာ ဖြင့်ရောင်းချ
Sep 19,2022
ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရေးအတွက် ယနေ့ နံနက်(၇)နာရီတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၈)လမ်းမ ဈေးအနီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခြံထွက်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ (၁၄)မျိုးအား စားသုံးသူများထံ အရောက် ကွင်းဆင်း၍ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။