ပင်လုံမြို့၌ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
Sep 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှု့နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ပါသည်။