မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မက်မန်း စက်တင်ဘာလ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာအုပ်စာစောင်ငှားရမ်းပေးခြင်းနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းကို စက်တင်ဘာလ (၁၉)ရက်၊ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာများနှင့် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကာ သုတ၊ ရသစာအုပ်စာစောင်များပြသခြင်း၊ ငှားရမ်းခြင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် ဌာနဆိုင်ရာများ၏ ဒေသတွင်းဖွံ့ဖြိုးရေး လှုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြသပေးခဲ့ကြကြောင်း သိရသည်။

မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကာ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများနှင့်သင်တန်းများစသည့် အသိပညာပေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)