ဗဟန်းမြို့နယ်တွင် 14 m တိုင်များဖြင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်

ဗဟန်း စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ပါ လုပ်ငန်းဖြစ်သော တက္ကသိုလ်ရိပ်သာလမ်းသစ် (လမ်းလယ်ကျွန်း) တွင် 14 M တိုင်များစိုက်ထူခြင်း၊ လိုင်းကြိုးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေး ကော်မတီတို့ ညှိနိူင်း၍ လိုင်းနှင့်လွတ်ကင်းမှုမရှိ‌သော ထန်းလက်များ ခုတ်ညှိခြင်းဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် မြို့တော်လှပသာယာ‌ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

စန္ဒာဌေး(ပြန်/ဆက်)