ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သံဖြူဇရပ် စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ်” ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အသိပညာ ပေးဆွေးနွေးပွဲ” (Talk Show) ကို ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက ဆွေးနွေးပွဲ (Talk Show) များပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက ဆရာဆိုတာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် လူ့ဘဝတလျှောက်လုံးကို မှန်ကန်တဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်အောင် လမ်းပြပေးတဲ့သူ၊ တနည်းအားဖြင့် ပဲ့ကိုင်ပေးတဲ့သူတွေဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာနှင့်ချီပြီး ကမ္ဘာ့ဆရာများနေ့ရယ်လို့ သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့ လမ်းမှန်ရောက်အောင် ပဲ့ကိုင်ထိန်းမတ်ပေးတဲ့ ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို အမြဲသတိရစေဖို့ ရည်ရွယ်ပြီး၊ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပပြီး ဆရာဆရာမများကို ပူဇော်ကန်တော့ရခြင်းဖြစ်ကြောင်း၊ ဒီနှစ်မှာလည်း သံဖြူဇရပ်မြို့နယ်အနေဖြင့် ကမ္ဘာ့ဆရာများနေ့တွင် ဆရာကြီး ဆရာမကြီးများကို ဂါရဝကန်တော့ ခြင််းအခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ (Talk Show) များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ (ပြန်/ဆက်)