လားရှိုး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ၊ ဘက်စုံသုံးခန်းမ တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် အသိ ပညာပေး Talk Show ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် ခရိုင်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပွင့်ဖြူစင်တို့က အိုဇုန်းလွှာအကြောင်းသိကောင်းစရာများ၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် ရာသီဥတု ပြောင်းလဲမှုများ၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် ဂေဟစနစ်ပြောင်းလဲမှု၊ အိုဇုန်းလွှာပျက်စီးခြင်းကို အဓိကဖြစ်ပေါ်စေသည့် ဓာတုပစ္စည်းများအကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ထားသော ဗီဒီယို အပြည့်အစုံကို MOI Youtube Channel နှင့် We Love Lashio Facebook Page များတွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး