နမ့်ခမ်း စက်တင်ဘာ ၂၀
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် အသက်(၈၅)နှစ်အထက်ရှိသည့် ဘိုးဘွားများအား လူမှုရေး ပင်စင်၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန် အမှတ်(၁၁)ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက်ရှိသည့် ဘိုးဘွားတို့၏ နေအိမ်များသို့ အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့ အမှတ်(၁၁)ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက်ဘိုးဘွား(၄)ဦးတို့အား မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် (၁)ဦးလျှင် (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ပြီး မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများဖြစ်သည့် ကြက်ဥနှင့် ကွေကာထုပ်များကို ဘိုးဘွားတို့၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်၊ ဆေးဝါးများနှင့် အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)