ပင်းတယ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့နယ်စည်ပင်သာယာရေးဌာန မြို့မစျေးရှိ၊စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန့်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစျေးရှိစျေးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် မိမိတို့၏ စျေးဆိုင်ခန်းတွင်မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါကသက်ဆိုင်ရာတာဝန်ရှိသူများနှင့် အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ မိမိတို့စျေးဆိုင်ခန်းအတွင်းရှိ မီးခလုပ်များအား ညနေစျေးပိတ်ချိန်၌ သတိရှိရှိ မီးခလုပ်များအားပိတ်ထားခဲ့ရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး အထူးဂရုစိုက်ရန်၊ မီးဘေးမပေါ့ဆကြရန်၊ စျေးဆိုင်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံးနှင့်ရေပုံးများအား ဆောင်ရွက်ထားရှိစေရေးတို့ အတွက် ကွင်းဆင်းစစ်ဆေး အကြံပြုပြောကြားခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)