သထုံ စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း အခမဲ့ဝေငှပေးခြင်းကို ယနေ့၊ နံနက်က ကျိုက္ကော်ရပ်ကွက်ရှိ မြို့မဈေးအတွင်း ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က မြို့မစျေးဝန်းကျင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဈေးအတွင်းရှိ ဈေးရောင်း/ စျေးဝယ် ပြည်သူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခန့်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နဒီ (ပြန်/ဆက်)