ကန်ကြီးထောင့် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာတွင် အခြေခံလူတန်းစား များအားသက်သာသောဈေးနှုန်းဖြင့် ဆန်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွတ်များအား ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီ အချိန်တွင် တကုန်းကြီးကျေးရွာတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွတ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းအောင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတို့မှ ပြည်သူများအား ဆင်းသုခဆန် တစ်ပြည်လျှင် (၁၅၀၀)ကျပ်၊ ကြက်ဥ (၇)လုံးလျှင် (၁၀၀၀)ကျပ်နှင့် ဟင်းသီးဟင်းရွတ်များအား သက်သာချောင်ချိရေး ဆက်လက်ရောင်းချပေးလျက်ရှိကြရာ ပြင်ပဈေးထက် သက်သာစွာ ဝယ်ယူရရှိသဖြင့် ပြည်သူများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)