နတ်မောက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုကိုက ကျောင်းသား/ သူ လူငယ်များအနေဖြင့် ပညာသင်ကြားချိန်မှာ အလေးထားသင်ယူစေချင်ပါကြောင်း၊ အသိပညာများနှင့် မမှားသင့်မမှားအောင် လမ်းမှန်ရောက်အောင် နွေရာသီအားလပ်သည့်အချိန်များတွင် (၃၈)ဖြာမင်္ဂလာ လေ့လာစေချင်ပါကြောင်းနှင့် ဆေးလိပ်ကင်းစင်နယ်မြေများဖြစ်သည့် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအနေဖြင့် ပညာသင်ရမယ့်အရွယ်တွင်ပညာသင်ယူရမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်သောက်စားကင်းစင်စွာနဲ့ ပညာကို သင်ယူစေချင်ပါကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ လူငယ်နဲ့ရည်ရွယ်ချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က အတွေးမှန် အမြင်မှန်၊ အသိမှန်ဖြင့် ကျောင်းသား/ သူများအနေများအနေနဲ့ ပညာကို ကြိုးစားသင်ယူကြရန်နှင့် ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာ အနုပညာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းပညာ စသည့်ဖြင့် ပညာရပ်အမျိုးမျိုးရှိကြောင်းနှင့် စာဖတ်ခြင်းသည် အမြန်ဆုံးအတွေးအခေါ်ရင့်ကျက်စေခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/ သူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
မူမူစန်း (ပြန်/ ဆက်)