ရန်ကုန် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်း( ၃၀၀၀)ခု အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန် မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အင်းစိန်မြို့မဈေးကြီးတွင် ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေရာတွင် အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး နေသွေး၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မင်းမင်းထွေးနှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သုခလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြတ်မူယာအုန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို Mask (၃၀ဝဝ)ခုအား အခမဲ့ဖြန့်ဝေခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို