မြစ်သားမြို့နယ်အတွင်း၌ စားအုန်းဆီတစ်ပိဿာ(၅၂၀၀ိ/-)နှုန်းဖြင့်စျေးနှုန်းချိုသာစွာရောင်းချပေး

မြစ်သား  စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းတွင် မြန်မာနိုင်ငံဆီကုန်သည်၊ လုပ်ငန်းရှင်များအသင်းနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာစားသုံးနိုင်ရန်အတွက်စားအုန်းဆီတစ်ပိဿာ (၅၂၀၀ိ/)နှုန်းဖြင့် မြို့နယ်အတွင်းရှိ နေရာ (၃)နေရာတွင် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင်၊  စားသုံးသူဦးစီးဌာနမှ  ဦးစီးမှူးဦးကျင်ဌေးနှင့် ဝန်ထမ်းများ၊ ခရိုင်ဆီလုပ်ငန်းရှင်များအသင်း  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြစ်သားမြို့နယ်နွားကူးလေးကျေးရွာ၊ ထ‌နောင်းကုန်းကျေးရွာနှင့် ကူမဲမြို့အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိဿာ (၅၂၀၀ိ/)နှုန်းဖြင့် ဆီ(၁၃၅၀)ပိဿာအားစျေးနှုန်းချိူသာစွာဖြင့် ‌ရောင်းချခဲ့ကြောင်း စာသုံးသူရေးရာ ဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရဲနိုင်ဦး(မြစ်သား)