သတင်းများ

နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်
Jul 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်-အင်အုံး-မောင်းတိုင်လမ်းမှ ကျန်ရှိသောလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေ ကျပ်သန်း ၂၄၀ ကျော်ဖြင့် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မရမ်းကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(၃၉၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinophram) ဒုတိယအကြိမ်ထိုးနှံ
Jul 14,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်ရာတွင်
မင်းလှမြို့နယ်တွင် မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး စသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်(၅)ရပ်အား ဆောင်ရွက်နိုင်ရေးအတွက် နယ်မြေကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ညောင်ပင်သာကျေးရွာနှင့် ရွာတော် ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 14,2022
ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက
သီပေါမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့အမှတ်(၃)ရပ်ကွက်စံပယ်လမ်း ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင်  အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်