ကဝ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး၊ ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ရွှေလှေရေထိန်းတံခါးချောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေလုပ်သားကြီးများက ရွှေလှေရေထိန်းတံခါးချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငါးမျိုးစိုက်ထည့်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ငါးသယံဇာတ မပြုန်းတီးစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ရွှေလှေရေထိန်းတံခါးချောင်း အတွင်းသို့ (၂)လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၂၂၀၀၀၀)နှင့် ငါးခုံးမကြီးကောင်ရေ (၁၅၀၀၀၀)၊ စုစုပေါင်းငါးကောင်ရေ (၃၇၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)