သတင်းများ

လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jul 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့သည် နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန်၊ မြို့သန့်ရှင်းသာယာလှပစေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်၊ မိုးရေတိုက်စား၍လမ်းများပျက်စီးမှုမရှိစေရန် ရည်ရွယ်၍ လိပ်သိုမြို့တွင်းရှိ လိုအပ်သောနေရာများတွင် လုပ်ငန်းပမာဏ ၂(၈၅၀ ပေ × ၁.၆ ပေ × ၂ ပေ) ရှိ အုပ်စီရေမြောင်း တူးဖော်တည်ဆောက်ရေးလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ရေစီးရေလာကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield/Myancopharm)နှင့် Covaxin၊ Sinovac ကာကွယ်ဆေးများအားထိုးနှံ
Jul 28,2022
ရန်ကင်းမြို့နယ်တွင် သစ၂၇-၇-၂၀၂၂ ရက်နေ့ ၀၉:၀၀ အချိန်၊ အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမာန်တော်ကြီးတွင် Sinopharm/ Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့် ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(covid shield /Myancopharm) အား ထိုးနှံဆောင်ရွက်ပေးလျက်ရှိ​ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jul 28,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာ စကားပြောကြားသည်။
ဒဂုံတက္ကသိုလ်၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster Dose(Covield Shield) ထိုးနှံ
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose(Covid Shield) အားဒဂုံတက္ကသိုလ်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ အမှတ်(၁)ရပ်ကွက် မြို့သစ်လမ်း ရေစီးရေလာကောင်းမွန်ရေး အုတ်စီရေမြောင်း ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်
Jul 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက်လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်
မိုးညိုမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့်သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်း သင်တန်းပို့ချ
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိတစ်ပိုင် တစ်နိုင်ငါးမွေးတောင်သူများ ငါးမွေးမြူခြင်းလုပ်ငန်းကို စိတ်ပါဝင်စားသူများအား ငါးမွေးမြူခြင်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ဘုရားငူကျေးရွာအုပ်စု၊ မိုးသစ္စာကျေးရွာရှိတစ်ပိုင်တစ်နိုင်ငါးသားဖောက်စခန်းတွင် အခြေခံငါးမွေးမြူရေးနှင့် သဘာဝနည်းဖြင့် ရွှေဝါငါးကြင်းသားဖောက်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီကသင်တန်းဖွင့်လှစ် ပို့ချခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်မှုများ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Jul 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ်သစ်" ရောဂါကြိုတင်ကာကွယ် ရေး အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်း ရောင်းချနေသော Mistine အလှကုန်ပစ္စည်းများ သတ်မှတ်ထားသောကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေး
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းအလှကုန်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Mistineအလှကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော လိုဂိုရောင်ပြန်တံဆိပ် ကပ်ထားခြင်း ရှိ/မရှိ၊ မြန်မာစာများရေးသားပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းကိုစားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုကိုခံယူလျက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်၉နာရီခွဲက မြို့မစျေးအတွင်း ဖြန့်ဖြူးရောင်းချနေသော အလှကုန်ဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။